Problem Solving လုပ်တဲ့နေရာမှာ အရမ်းနာမည်ကြီးပြီးခေတ်စားတဲ့ Technique တစ်ခုဖြစ်တဲ့ Root Cause Analysis အကြောင်းကို Sharing လုပ်ပေးချင်ပါတယ်။
Root Cause Analysis ဆိုတာ Problem တစ်ခု (သို့) Risk တစ်ခု (သို့) Cause တစ်ခုကို ဖြေရှင်းဖို့ အဖြေရှာတဲ့အခါမှာ ၎င်းပြဿနာ ဖြစ်လာရတဲ့ အကြောင်းအရင်းရဲ့ အရင်းအမြစ်ကို စုံစမ်းဖော်ထုတ် analysis လုပ်ပြီးမှ ဖြေရှင်းခြင်းဖြစ်ပါတယ်။
Q. ဒါဆိုရင် ပြဿနာ ရင်းမြစ် (root cause) ကို ဘယ်လိုရှာမလဲ?
A. Root cause ဘယ်လိုရှာမလဲဆိုတာကို ဥပမာ ပုံပြင်လေးတစ်ခုနဲ့ ရှင်းပြပါမယ်။ ပုံပြင်ကတော့ -
#Problem: :အမေရိကန်နိုင်ငံ ဝါရှင်တန် D.C မှာရှိတဲ့ ပြတိုက် (monument) တစ်ခုဟာ ဆိုးဆိုးရွားရွား ပျက်စီးလာတယ်။
Why #1 - ပြတိုက်ဟာ ဘာဖြစ်လို့ ဆိုးဆိုးရွားရွားပျက်စီးလာရတာလဲ?
ဘာဖြစ်လို့ ဆိုးဆိုးရွားရွား ပျက်စီးလာရသလဲဆိုတော့ အပြင်းစား Chemicals တွေကိုသုံးပြီး မကြာခဏ သန့်ရှင်းရေးလုပ်ပေးနေရလို့ ပျက်စီးရတာပါတဲ့။
Why #2 - ဘာဖြစ်လို့ အပြင်းစား Chemicals တွေကိုသုံးပြီး မကြာခဏ သန့်ရှင်းရေးလုပ်ပေးဖို့ လိုတာလဲ?
ငှက်တွေအများကြီးက ပြတိုက်အပေါ်ကို ချီးပါ ချလို့ အပြင်းစား Chemicals တွေသုံးပြီး မကြခဏ သန့်ရှင်းရေး လုပ်ဖို့လိုတာပါတဲ့။
Why #3 - ဘာဖြစ်လို့ ငှက်တွေအများကြီးက ပြတိုက်ပေါ်ကို ချီးပါချရတာလဲ?
များပြားလှတဲ့ ပင့်ကူ တွေကို ငှက်တွေက သူတို့ရဲ့အစားအဖြစ် လာစားပြီး ချီးပါချခဲ့တာပါတဲ့။
Why #4 - ဘာဖြစ်လို့ များပြားလှတဲ့ ပင့်ကူ တွေက ပြတိုက်မှာရောက်နေရတာလဲ/ ရှိနေရတာလဲ?
နေဝင်ရီတရော (နေဝင်ဆည်းဆာ) အချိန်မှာ ပြတိုက်နားကိုလာတဲ့ အင်းဆက်ပိုးမွှား (ဥပမာ - ပလူကောင်လိုမျိုး) တွေကို ပင့်ကူတွေက သူတို့ရဲ့အစာအဖြစ် ဖမ်ယူစားသောက်ကြလို့ပါတဲ့။
Why #5 - နေဝင်ရီတရောအချိန်မှာ အင်းဆက်ပိုးမွှားတွေဟာ ဘာဖြစ်လို့ ပြတိုက်ဆီလို့ရောက်လာရတာလဲ?
နေဝင်ရီတရောအချိန်မှာ ပြတိုက်ကနေထွန်းထားတဲ့ မီးအရောင်က အဲဒီအနီးပတ်ဝန်းကျင်မှာရှိတဲ့ အင်းဆက်ပိုးမွှားတွေကို ဆွဲဆောင်လို့ လာတာပါတဲ့ (လျှပ်စစ်မီးရောင်ကို အင်းဆက်ပိုးမွှားတွေက ကြိုက်ကြတာကိုး၊ တခါတလေ လမ်းမီးတိုင်တွေရဲ့ မီးမှာလည်း ပိုးကောင်တွေအုပ်စုလိုက်အုံနေတာ တွေ့ရတတ်တယ်လေ)။
#Solution: :နေဝင်ရီတရောအချိန်မှာ အဲဒီပြတိုက်ကို မီးထွန်းတဲ့အချိန်ကို ပြောင်းလိုက်ပါ (ဥပမာ - ပုံမှန်မီးထွန်းချိန်ထက် နာရီဝက်နောက်ကျပြီးမှ မီးထွန်းစေခြင်း)။
ပုံပြင်လေးကတော့ ဒါပါပဲ။ ဒီပုံပြင်ကို တစ်ချို့က 5 Whys Story လို့လည်းခေါ်ကြ/လူသိများကြပါတယ်။ ဒီလောက်ဆိုရင် Root Cause ကိုဘယ်လိုရှာရတယ်ဆိုတာ အားလုံးပဲနားလည်ကြလိမ့်မယ်လို့ထင်ပါတယ်။ ဒီပုံပြင်လေးထဲကအတိုင်းပဲ မိတ်ဆွေတို့လည်း Root Cause ရှာမယ်ဆိုရင် အနည်းဆုံး Why 5 ခါလောက်မေးပြီးမှ Solution ရှာဖို့ တိုက်တွန်းလိုက်ပါတယ်။
စာဖတ်ပေးတဲ့ တစ်ယောက်ချင်းစီတိုင်းကိုလည်း အထူးကျေးဇူးတင်ပါတယ်။
August 20, 2020.
Credit: www.thekaizone.com
မှစာအား အတတ်နိုင်ဆုံး ဆီလျှော်အောင် ဘာသာပြန်ထားပါသည်။ လိုအပ်သည်များရှိပါက ထောက်ပြဝေဖန်ပေးကြပါဦးခင်ဗျ။
0 Comments