The 5Cs of Written Communications

Communications Management Knowledge တွေထဲကတစ်ခုဖြစ်တဲ့ Written Communications ခေါင်းစဉ်ရဲ့အောက်မှာရှိတဲ့ 5Cs အကြောင်းလေးကို ကျနော်တို့ မိတ်ဆွေများအတွက် Knowledge Sharing အဖြစ် တင်ပေးလိုက်ပါတယ်။
------------------------------------------------------------------------------------------------------------------------

What is the 5Cs in your writing? 🤔🤔🤔
စာတစ်စောင် (သို့) အကြောင်းအရာတစ်ခု (သို့) Statement တစ်စောင်ရေးတိုင်းမှာ Effective Written ဖြစ်ဖို့ရန်အတွက် အောက်ဖော်ပြပါအချက် (၅) ချက်နဲ့ကိုက်ညီပြီလားဆိုတာကို အမြဲတမ်း စစ်ဆေးရမှာဖြစ်ပါတယ်။ အဲဒီ အချက် (၅) ချက်ကတော့ -
👉 Correct?
👉 Clear?
👉 Concise?
👉 Complete/ Coherent?
👉 Courteous?
-------------------------------------------------------------------------------------------------------------------------

#Correct
ဒါကတော့ မိမိအသုံးပြုတဲ့ စာလုံးတိုင်း၊ ဝါကျတိုင်းရဲ့ spelling - စာလုံးပေါင်းတွေ grammar - သဒ္ဒါ တွေ မှန်ကန်မှုရှိရဲ့လား နောက်ပြီး နေရာအထားအသိုရော မှန်ကန်ရဲ့လား စသည်ဖြင့်ပေါ့ .. အဲဒါတွေကို စစ်ဆေးရမှာဖြစ်ပါတယ်။ (ဥပမာ - အဘွားက ဘောလုံးကန်၍ ခြေထောက်နာနေသော မောင်မောင်အား ဆေးလိမ်းပေးနေသည်) ဆိုတာမျိုးမဖြစ်အောင်စစ်ဆေးခိုင်းတာဖြစ်ပါတယ်။

#Clear
မိမိရေးလိုက်တဲ့အကြောင်းအရာအား စာဖတ်သူ အလွယ်တကူ နားလည်နိုင်ဖို့အတွက်ဆိုရင်တော့
Wording - စကားလုံးအသုံးအနှုန်း၊ သုံးနှုန်းပုံ စတာတွေကို စစ်ဆေးဖို့လိုပါမယ်။
Flow - အသုံးပြုထားတဲ့ စကားလုံး အစီအစဉ် ကျ/မကျ စသည်ဖြင့်.. ကို စစ်ဆေးရပါမယ်။
Tone - အသုံးပြုထားသော စကားလုံး၏ လေသံ အနေအထား တွေကိုလည်း စစ်ဆေးဖို့လိုပါမယ်။
Punctuation - ပုဒ်ဖြတ် ပုဒ်ရပ် သင်္ကေတများ (ပုဒ်ကလေး၊ ပုဒ်မ၊ ပုဒ်ထီး၊ Space၊ ကော်မာ၊ စသည့်ဖြင့်..) ထည့်သွင်းထားမှုမှာ မှန်ကန်မှု ရှိ/မရှိ စစ်ဆေးဖို့လိုပါမယ်။
Sentence Structure - ဝါကျဖွဲ့စည်းပုံ မှန်ကန်မှု ရှိ/မရှိ စစ်ဆေးဖို့လိုပါမယ်။

#Concise
မိမိပြောချင်သောအကြောင်းအရာမှာ ထိရောက်မှုရှိရှိနှင့် လိုရင်းတိုရှင်း ဖြစ်/မဖြစ် စစ်ဆေးရပါမယ်။
ဆိုလိုသည်မှာ - တစ်ခါတစ်ရံတွင် မိမိပြောလိုသည့်အကြောင်းအရာအား ထိထိမိမိမရှိပဲ စကားလုံးများဖေါင်းပွနေတတ်သည်ကို ပြန်လည်စစ်ဆေးနိုင်ရန် ဆိုလိုခြင်းဖြစ်ပါတယ်။
(မိမိပြောချင်သည့်အကြောင်းအရာအား Concise ဖြစ်အောင်မပြောတတ်တဲ့လူတွေကြောင့် ကျနော်ဆိုရင် မလိုအပ်ပဲနဲ့ ဖုန်းကို နာရီဝက် ~ လေးဆယ့်ငါးမိနစ်ခန့်လောက် အမြဲပြောရတတ်ပါတယ် 😅😅😅)

#Complete/ Coherent
မိမိရေးလိုက်သောစာသည် စာဖတ်သူအား မိမိပြောချင်သည့်အကြောင်းအရာ အစုံအလင် ပါ/ မပါ စစ်ဆေးရပါမယ်။ ထို့အပြင် မိမိ၏ စာသည် ရှေ့နောက်ညီညွတ်မှု ရှိ/မရှိ၊ (ဥပမာ - နိဒါန်း၊ စာကိုယ်၊ နိဂုံး) စသည့်ဖြင့် အဆီအငေါ် တည့်/မတည့်ကိုလည်း စစ်ဆေးဖို့လိုပါမယ်။
တနည်း - စာဖတ်သူမှ ၎င်းတို့၏ ထင်မြင်ယူဆချက်အမျိုးမျိုးဖြစ်စေမည့် စာအရေးအသားမျိုး မဖြစ်ရပါ။

#Courteous
ဒီအချက်ကတော့ Communication တစ်ခုမှာ အင်မတန်မှအရေးကြီးပါတယ်။
မိမိ၏စာသည် စာဖတ်သူအပေါ် အလေးထားဆက်ဆံမှုပုံစံဖြင့် ရေးထားခြင်း ရှိ/မရှိ စစ်ဆေးရပါမယ်။
မိမိ၏စာအား စာဖတ်သူ၏ အမြင်ရှုထောင့်ဘက်မှလည်း ပြန်လည်သုံးသပ်ကြည့်ရပါမယ်။
ထို့အပြင် မိမိ၏စာသည် constructive manner - အပြုသဘောဆောင်သောပြုမူပြောဆိုပုံရှိရဲ့လား၊ ယဉ်ကျေးရည်မွန်မှု ရှိရဲ့လား၊ positive thinking ဖြစ်ရဲ့လား၊ စသည့်ဖြင့်... ကို အထူးဂရုစိုက်ပြီးစစ်ဆေးဖို့ လိုအပ်ပါတယ်။

ဒီလောက်ဆိုရင်တော့ Written Communication တစ်ခုမှာ 5Cs အရေးပါပုံအကြောင်းကို နားလည်ပြီလို့မျှော်လင့်ပါတယ်။


စာဖတ်သူအားလုံးကို အထူးကျေးဇူးတင်ပါတယ်။
 

 
October 25, 2020

Post a Comment

0 Comments