Project တစ်ခုကို Interior Decoration (ID) (နောက်ပိုင်းကျနော့်ဆွေးနွေးချက်ထဲမှာ Interior Decoration အား ID ဟုသာ အတိုကောက်သုံးပါမည်) လုပ်မယ့် Sequence လေးထဲမှာ Design Implement လုပ်တာ၊ Client နဲ့ဆွေးနွေး/confirm ယူတာ၊ Schedule ဆွဲတာ၊ Estimate (budget) တွက်တာ၊ စသည်ဖြင့် အချက်တွေကို အခုကျနော်ဆွေးနွေးပေးမယ့်အပိုင်းမှာ ထည့်ပြီးမဆွေးနွေးတော့ပါဘူး။ ကျော်လိုက်ပါမယ် (လုပ်ရမယ့် Sequence ထဲမှာ မပါလို့ ကျော်လိုက်တာမျိုးမဟုတ်ပါဘူး)။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီထဲက တစ်ချို့အစိတ်အပိုင်းတွေက သီးခြား Strategy တွေ၊ Project Management တွေနဲ့ ပိုပြီးပတ်သက်ဆက်နွယ်နေလို့ပါ။ (Project Management နဲ့ပတ်သက်ပြီး သီးခြားဆွေးနွေးကြတာပေါ့ဗျာ)
အခု ကျနော်ဆွေးနွေးပေးမယ့် Sequences က တကယ့် On Site မှာ အလုပ် လုပ်တဲ့အခါ (Executing Stage) ဘယ်လုပ်ငန်းစဉ် Activities တွေကို အရင်စလုပ်မယ်ဆိုတာကိုပဲ လက်တွေ့ကျကျ ဆွေးနွေးပါမယ်။
တကယ်တော့ ID နဲ့ ပတ်သက်ပြီး Activities တွေကို Sequence လုပ်ရတာ အင်မတန်ခေါင်းစားရပါတယ်။ ပြီးတော့ တသမတ်တည်း (လှေနံဓါးထစ်) မှတ်ထားလို့လဲမရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ID မှာ သုံးမယ့် Materials တွေနဲ့တိုက်ရိုက်ပတ်သက်ဆက်နွယ်နေလို့ဖြစ်ပါတယ်။ အဲဒါကြောင့် ID အတွက် Sequence ဆိုရင် Depend on Materials ပေါ်မှာအခြေခံပြီးမှ ဘယ်လုပ်ကွက် Activities တွေက အရင်လုပ်ရမယ်၊ ဘယ် Activities ကတော့ဖြင့် နောက်မှလုပ်ရမယ် စသည်ဖြင့်ဆုံးဖြတ်လို့ရမှာပါ။
ID စလုပ်မယ်ဆိုရင် အခြေခံအားဖြင့် Sequences ကတော့ -
1) MEP work
2) Ceiling work
3) Walling work (dry wall, partition, glass wall)
4) Millwork, Built-in furniture work
5) Flooring work
6) Movable furniture work
စသည်ဖြင့် တော့ Generally မှတ်လို့ရပါတယ်။ (အထက်တွင်ပြောဆိုထားပြီးဖြစ်သည့်အတိုင်း တသမတ်တည်း လှေနံဓါးထစ်တော့ မမှတ်သင့်ပါ)
#MEP work
အဆောက်အဦးတစ်ခု Structure Work ပြီးပြီဆိုတာနဲ့ ပထမဆုံးစလုပ်ရမယ့် လုပ်ငန်းစဉ် Activities ထဲမှာ MEP work က ထိပ်ဆုံးက တစ်ခုအပါအဝင်ပါ။ ထို့အတူပဲ ID စလုပ်တော့မယ်ဆိုရင်လည်း MEP work ကိုအရင်စလုပ်ဖို့စဉ်းစားရပါလိမ့်မယ်။ MEP မှာလည်း 1st Phase, 2nd Phase ဆိုပြီး ထပ်ခွဲထားလို့ရပါသေးတယ်။
1st Phase မှာ ဘာတွေပါမလဲဆိုရင် MEP ရဲ့ Major work တွေဖြစ်တဲ့ Mechanical နဲ့ဆိုင်တဲ့ Air-con ducting လိုင်းတွေ၊ Fire fighting system အတွက် Piping line သွယ်တန်းတာတွေ၊ စသည်ဖြင့်...။ Electrical နဲ့ဆိုင်တဲ့ မီးကြိုးတွေသွယ်တန်းဖို့ Trunking လိုင်းတပ်ဆင်တာ၊ Wire cable, Data cable ကြိုးလိုင်းပြေးတာတွေ၊ စသည်ဖြင့်...။ Plumbing work မှာဆိုရင် Sanitary ဆိုင်တဲ့ plumbing လိုင်းတွေ စသည်ဖြင့်...တွေကိုအရင်ဆုံးလုပ်ဖို့လိုအပ်ပါမယ်။
MEP work ရဲ့ 2nd Phase အနေနဲ့ကတော့ Fixtures, Equipments တွေတပ်ဆင်တာပဲဖြစ်ပါတယ်။ ဒီ Activities ကတော့ Ceiling, Walling, Painting, Built-in furnitures လုပ်ငန်းစဉ်တွေပြီးမှ လုပ်ရပါမယ်။
#Ceiling work
MEP ရဲ့ Major & Heavy work တွေပြီးရင် Ceiling framing ဆင်တဲ့အလုပ်ကိုစတင်လုပ်ဆောင်လို့ရပါပြီ။ (Framing လုပ်ငန်းတွေပြီးပြီဆိုပြီး Ceiling board ကိုတန်းပြီးတော့ မပိတ်မိပါစေနဲ့ ပြဿနာ အကြီးကြီးတက်သွားပါလိမ့်မယ်) Ceiling framing လုပ်ငန်းပြီးပြီဆိုရင် ceiling board မပိတ်မှီ MEP နဲ့ညှိဖို့လိုပါလိမ့်မယ်။ MEP ဖက်ကလည်း confirm ဖြစ်ပြီးဆိုရင်တော့ ceiling ပိတ်လို့ရပါပြီ (သာမန် gypsum/plaster board ceiling ကိုသာ ရည်ညွှန်းပြောဆိုထားခြင်းဖြစ်ပါတယ်၊ အခြားတော့ decorative material နဲ့ လုပ်ရမယ့် ceiling ဆိုရင် sequence ပြောင်းနိုင်ပါတယ်)။ ပြီးရင် ပတ်တီးရိုက်၊ ဆေးသုတ် စသည်ဖြင့်ဆက်လုပ်ပါ။ ဆေး final coat ချန်ထားဖို့လည်း မမေ့ကြနဲ့ဦးနော်)
#Walling work
Dry wall, Partition, Glass wall, စသည့် Light weight wall များအတွက်သာ ရည်ညွှန်းပြောဆိုဆွေးနွေးပေးခြင်းဖြစ်ပါတယ်။ (ဥပမာ - Brick wall ဆိုရင် ceiling လုပ်ငန်းမစခင်ကတည်းက လုပ်ဆောင်ရပါမယ်) ဖော်ပြပါ Walling work တွေဟာ Design နဲ့ တည်ဆောက်ရမယ့် Method of Statement ပေါ်မူတည်ပြီးတော့ တခါတရံ Ceiling work နဲ့ အပြိုင်လုပ်လို့ရတာမျိုးတွေလည်းရှိတတ်ပါတယ်။ လုပ်ငန်းစဉ် အနေနဲ့ကတော့ Ceiling work လိုပါပဲ (framing စလုပ်၊ MEP နဲ့ညှိ၊ wall ပိတ်၊ ဆေးဝင် စသည်ဖြင့်)
#Millwork, Built-in furniture work
ID လုပ်မယ်ဆိုရင် ကင်းကွာလို့မရတဲ့လုပ်ငန်းစဉ်တစ်ခုပါ။ အရမ်းလည်းအရေးကြီးပါတယ်။ ID တစ်ခုဘယ်လောက်ခန်းနားထယ်ဝါသလဲဆိုတာ ဒီလုပ်ငန်းအပေါ်မှာ အများကြီးမူတည်တယ်လို့လည်းပြောလို့ရပါတယ်။ ဘာတွေပါလဲလို့မေးရင် Decorative လုပ်ရမယ့် Activities တွေအမြောက်အများပါ ပါတယ်။ (သီခြား ခေါင်းစဉ်နဲ့ဆက်ပြီး ဆွေးနွေးကြပါဦးစို့) ဒီလုပ်ငန်းတွေကို လုပ်တော့မယ်ဆိုရင် အပေါ်မှာ ပြောဆိုထားပြီးဖြစ်တဲ့ လုပ်ငန်းစဉ်တွေပြီးနေရမှာဖြစ်သလို သူတို့တွေနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ အများကြီးလုပ်ဖို့လိုပါမယ်။ အထူးသဖြင့် MEP 2nd Phase တွေတပ်ဆင်ဖို့အတွက် ဘယ်လိုတွေလုပ်ပေးထားရမယ် စသည်ဖြင့် ကိစ္စတွေကိုဆွေးနွေးရပါမယ်။ (စာအရမ်းရှည်နေပြီမို့ Details မဆွေးနွေးပေးနိုင်တော့တာ နားလည်ပေးဖို့မျှော်လင့်ပါတယ်)
#Flooring work
Floor နဲ့ပတ်သက်ရင် ပုံမှန်အားဖြင့်တော့ နောက်ဆုံးမှ လုပ်ပါတယ်။ သို့သော် Materials ပေါ်မူတည်ပြီးတော့ Sequence ပြောင်းနိုင်သလို ပြိုင်လုပ်လို့ရတာလည်းရှိနိုင်ပါတယ်။ (ဥပမာ - Carpet floor, Vinyl floor လိုဟာမျိုးဆိုရင် နောက်ဆုံးမှလုပ်ရမှာဖြစ်ပြီးတော့ Tile, Teak parquet လိုဟာမျိုးဆိုရင် တစ်ချို့လုပ်ငန်းစဉ်တွေနဲ့ ပြိုင်လုပ်လို့ ရနိုင်ပါတယ်)
#Movable furniture
ဒါကတော့ အားလုံးသိပြီးဖြစ်တဲ့အတိုင်း အပေါ်လုပ်ငန်းစဉ်တွေအားလုံးပြီးလို့ Deep cleaning လုပ်ပြီးပြီဆိုရင် ကိုယ်ထည့်ချင်တဲ့အချိန်ထည့်လို့ရပါတယ်။
မှတ်ချက်။ ။ ကျနော့်၏အတွေ့အကြုံနှင့် လေ့လာမှုအရ ကိုယ်ပိုင်အတွေး၊ အမြင်အား ဆွေးနွေးပေးခြင်းသာဖြစ်သောကြောင့် မှားတာတွေလည်းရှိကောင်းရှိနိုင်ပါတယ်။ မိတ်ဆွေတို့ရဲ့အတွေ့အကြုံနဲ့ knowledges တွေကိုလည်းဆွေးနွေးပေးကြပါဦး။
💓ကျနော့်ဆွေးနွေးချက်ကို ဆုံးအောင်ဖတ်ပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။
0 Comments